ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်၌ KG ကလေးငယ်များ အာဟာရပြည့်ဝစေရေး ကျောင်းတွင်းအာဟာရကျွေးမွေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ကလေးငယ်များ အသက်အရွယ်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဟာရပြည့်ဝသော အစာအုပ်စုများကို သိရှိစားသောက်တတ်စေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (တိုက်ကြီး) ၌ ဆောင်ရွက်သည်။

ကမာရွတ်ခရိုင် တရားရုံးသို့ ဥပဒေကျောင်းသား/သူများ လာရောက်လေ့လာ

ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် မဟာအရည်အချင်းစစ်သင်တန်းနှင့် ပဉ္စမနှစ်သင်တန်းမှ ဥပဒေကျောင်းသား/ကျောင်းသူ (၃၀) ဦးသည် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကမာရွတ်ခရိုင်တရားရုံးသို့ လေ့လာရေးခရီးလာရောက်ရာ ခရိုင်တရားသူကြီး ဦးဇော်မင်းထွဋ်နှင့် တရားသူကြီးများက ကြိုဆိုကြသည်။

ကော့မှူး၌ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)/ (၂) မှ သီးနှံလျော်ကြေးငွေပေးအပ်ပွဲကျင်းပ

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁) နှင့် (၂) မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် MOGE-6 စပါယ်ကြီးစမ်း-နတ်စင်ကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသတိမူရေး လိုက်လံနိူးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးသတိမူရေး လိုက်လံဆော်ဩခြင်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ ည (၆) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ အစိုးရအဖွဲ့ဝင်မိသားစုများနှင့် အမျိုးသီးကော်မတီဝင်များ၊ အလှူရှင်များစုပေါင်း၍ သန်လျင်ခရိုင် သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (YouthClub) အဖွဲ့ဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇန်ဝါရီ ၂၇ ရက်နေ့ နေ့လယ် (၁၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် စာရေး Book Club စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က "စာမူရှင်ဖြစ်သူသမိုင်းမြို့မဘုန်းတေဇ၏ "လူ့ လူ လူးနှင့် လူ့သဘောမနောသဘာဝ" စာအုပ်ဖြင့် BookClub စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်အေးအေးခိုင်၊ ဗဟန်း BookClub မြန်မာ့တံခွန်အယ်ဒီတာချုပ် ဆရာဦးသူရဇော်နှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် ကျိုက္ကစံဆံတော်ရှင်စေတီ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုနိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် သင်္ဃန်းကျွန်းမြို့နယ် သမိုင်းဝင် ကျိုက္ကစံဆံတော်ရှင်စေတီနှင့် အရံစေတီတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လမ်းညွှန်မှုခံယူခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား စေတီတော်ရင်ပြင်နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံတွင် ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး