ကမာရွတ်မြို့နယ်တွင် မူလတန်း ကျောင်းသား/ ကျောင်းသူကလေးငယ်များ အားစနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေ ရေးဆောင်ရွက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်ကမာရွတ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ KGကျောင်းသား/ ကျောင်းသူလေးများအား စနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေရေးနှင့်မူမှန်သောအလေ့အကျင့်များ ဘဝတလျှောက်လုံးစွဲမြဲကျင်းသုံးစေရန်ရည်ရွယ်၍ လေ့ကျင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။