ရန်ကုန်တိုင်းဒေသကြီး

အလုံခရိုင်၊ အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ Billboard ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ Billboard ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ဧရာဝတီရပ်ကွက်၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံလမ်းထောင့်နှင့် စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းနှင့် သစ်တောလမ်းထောင့်နှင့် လူစည်ကားရာနေရာများတွင် အောက်တိုဘာ (၉) ရက်နေ့ နံနက် ၆နာရီခွဲ အချိန်ခန့်က ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာထားရှိမှုနှင့်ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ်​ကြေညာထားရှိမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှုနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၏ဆောင်ရွက်ပေးနေမှုများကို အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက သက်ဆိုင်ရာ တာ၀န်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စံပြရပ်ကွက်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် ယမန်နေ့ နံနက်က စံပြရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲစာရင်းများ ကပ်ထားသည့်နေရာများကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို တာဝန်ရှိသူများက ရပ်ကွက်များအလိုက် အဖွဲ့များခွဲကာ ကွင်းဆင်းစစ်ဆေးကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်များတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှုကို မဲစာရင်းမှန်ကန်စေရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ ကားမီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မီးသတ်စခန်းနှင့် (၂)မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် ဖူးကြီးများလမ်း၌ အောက်တိုဘာ (၁၁) ရက်နေ့ ည (၆) နာရီ ၅၂ မိနစ်ခန့်တွင် Nissan Vane အမျိုးအစား ကားအဖြူရောင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် (ဂိုဏ်းပေါင်းစုံ) သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်းဆင်း အောင်လက်မှတ် ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကကြီးမှူးကျင်းပသည့် (ဂိုဏ်းပေါင်းစုံ)သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဆင်းအောင်လက်မှတ်ဆက်ကပ်ချီးမြှင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီးရှိ တပ်မတော်ဓမ္မာရုံတွင် ကျင်းပသည်။

မင်္ဂလာဒုံမြို့နယ် ပုလဲပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စုရှိ ပုလဲပြည်သူ့ဆေးရုံ၌ အောက်တိုဘာ ၁၀ရက်က ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်သည်။

ထန်းတပင်မြို့နယ်၌ မဲစာရင်းများမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၁၂)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြရာ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ် ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို တံတားမြို့၌ အောက်တိုဘာလ (၁၂)ရက်နေ့မွန်းလွဲ (၁၃)နာရီအချိန်က  ကျင်းပခဲ့သည်၊
Subscribe to ရန်ကုန်တိုင်းဒေသကြီး