ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးနေ့ညတွင် ပြည်သူသောင်းနှင့်ချီ လွတ်လပ်ပျော်ရွှင်စွာပါဝင်ဆင်နွှဲ
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် သီတင်းကျွတ်စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် အောက်တိုဘာလ(၄)ရက်နေ့မှ (၇)ရက်နေ့အထိ လေးရက်တိုင်တိုင် နေ့စဉ်နံနက် (၈)နာရီမှ ည(၁၀)နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ အောက်တိုဘာလ(၇)ရက်နေ့ (ပွဲတော် နောက်ဆုံးနေ့) ညပိုင်းအချိန်တွင် ပွဲတော်သို့အပန်းဖြေလာရောက်လည်ပတ်ကြသူများအား မြန်မာတိုင်းရင်းသားရိုးရာ အကအလှများ၊ ခေတ်ပေါ်တေးဂီတများ၊ နိုင်ငံကျော်အနုပညာရှင်ကြီးများ၏ သီဆိုဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူသောင်းနှင့်ချီ လွတ်လပ်ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။