မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် သံဃာ့ဒါနဆွမ်းလောင်းလှူ ပူဇော်ပွဲ ကျင်းပ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဆရာတော်သံဃာတော်များအား သံဃာ့ဒါနဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါကျေးရွာ ရေလည်ပရိယတ္တိစာသင်တိုက် ဒေါ်ဘွားဘုရားတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စည်ပေါက်ကန်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့် နှစ်ကျပ်ခွဲကျေးရွာ ထီးတော်လှုပ် သိမ်တော်ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ဝါလကင်းလွတ် သီတင်းကျွတ်သည့် အဘိဓမ္မာအခါတော်နေ့တွင် ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဆွမ်းလောင်းသီတင်းပတ်ပိတ်ပွဲနှင့် ဘုရားပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ လျက်ရှိကြရာ၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စည်ပေါက်ကန်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် မြစည်းခုံဘုရားပွဲနှင့် နှစ်ကျပ်ခွဲကျေးရွာရှိ ထီးတော်လှုပ် သိမ်တော်ဘုရားပွဲများလည်း၊ အနီးဝန်းကျင်ကျေးရွာများမှ တံခွန်သွင်းကြသူများ၊ ဆွမ်းလုံးချသူများ၊ အလှူဒါနပြုကြသူများ၊ အတီးအမှုတ်အကအခုံများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါ‌ တော်နေ့၌ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က သက်ကြီးအဘိုး/အဘွားများ၊ ဒေသခံပြည်သူများ ဥပုသ်သီလဆောက်တည်သူများ စည်းကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရီးသွားဘုရားဖူးပြည်သူ တစ်သိန်းခွဲကျော်ဝင်ရောက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သီတင်းကျွတ်လပြည့်(အဘိဓမမ္မာအခါတော်)နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ခရီးသွားဘုရားဖူးပြည်သူ တစ်သိန်းခွဲကျော် လာရောက်ဖူးမြော်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(ပုဂံ)ရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်ထံကသိရသည်။

ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ မြန်မာ့ရိုးရာဆင်အကအလှ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၉)နာရီက ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပသည်။

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အာစရိယပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည် တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးအောင်သူ၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည် အသင်း(ရန်ကုန်)ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊ မြို့မိ၊မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်နှင့်ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍတွင် ကျင်းပပြုလုပ်ရာ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည်အသင်း(ရန်ကုန်)ဥက္ကဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊ မြို့မိ၊မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိ နေအိမ်များပြန်လည်ပြုပြင်နိုင်ရေးအတွက် ပစ္စည်းဖိုးငွေများပေးအပ်

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော အင်းလေးဒေသအတွင်းရှိနေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ် ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်း ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၁၆ ခုနှစ်ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံအစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်း၍ ၂၀၂၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ ခုကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်၊ နေ့ခင်း ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းပုဂံဒေသရှိငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး