မန္တလေးတိုင်းဒေသကြီး

ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာဘာသာရပ်ကို ထူးချွန်စွာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား မြန်မာနိုင်ငံဆေးပညာရှင်အသင်းမှ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံဆေးပညာရှင်အသင်း (Internal Medicine Society) က ကြီးမှူးကျင်းပသည့် ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာဘာသာရပ်ကို ထူးချွန်စွာ ဂုဏ်ထူးဖြင့်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံဆေးပညာရှင်အသင်းမှ ဂုဏ်ပြုဆုများချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် Yadanarbon Hall မြနန်းဘုံစံခန်းမတွင် ကျင်းပသည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်က မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်သည်။

သာစည်မြို့နယ်တွင် ပထမအကြိမ် မဲစာရင်းများကြေညာထားရှိမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းကြည့်ရှု

မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများကို အောက်တိုဘာ ၁ ရက်နံနက် ၁၁ နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မဲရုံ(၂၀၉)ရုံတို့တွင်  မဲဆန္ဒရှင်စာရင်းများကြေညာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ၂၀၂၅ခုနှစ်ရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စု၊  မဲရုံ(၂၀၉)ရုံတို့တွင်  ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကြေညာထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသော မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် မိုးရာသီနှင့် ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲ‌အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ပြည်သူများ လာရောက်ကြည့်ရှု

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်‌နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကြေညာထားမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး

ပုသိမ်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်ပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များစာရင်းများအား နိုဝင်ဘာ (၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမှုအပေါ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိ

မန္တလေးတိုင်း‌ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး အောက်တိုဘာ၄ရက်နေ့တွင် ကျင်းပမည့် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၏ မြန်မာ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms.Noriko Takagi အား စက်တင်ဘာလ(၃၀)ရက် နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး