ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းများ လာရောက်ကြည့်ရှုနိုင်ရေး မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း၌ မကြာမီ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။