မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာ ၁၈ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြင်ဦးလွင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စကားဝိုင်း‌ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာရေးဆရာမ ပုညခင် ရေးသားသည့် “အထက်တန်းစားရေ” စာအုပ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ  ၁၈ ရက်နေ့ နံနက် (၉) နာရီခွဲက ရွှေစာဝိုင်းကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံလာစေရေးရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်တွင် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။

အမရပူရမြို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူလေးများအား သတ်မှတ်ထားသော အအာဟာရအုပ်စု ၅ မျိုးစံညွှန်းအတိုင်း ချက်ပြုတ်ကျွေးမွေးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တတိယအကြိမ်တိုက်ကျွေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ထပ်ပိုးလွှာကတ္တရာ လမ်းခင်းခြင်း ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထောက်ပံ့ရန်ပုံငွေဖြင့် မြို့မအနောက်ရပ်ကွက် (၁၁) လမ်းတွင် ထပ်ပိုးလွှာကတ္တရာလမ်းခင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ လျှပ်စစ်သုံးစွဲသူပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းကို စက်တင်ဘာ ၁၈ ရက်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ အ.လ.က(ပေကုန်း)၌ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာမူလတန်းကျောင်း(ပေကုန်း)တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ် အဆင့်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင် နိုင်ရန်ရည်ရွယ်၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာ ၁၈ ရက် နံနက်(၉)နာရီက ကျင်းပသည်။

ရမည်းသင်းမြို့ အ-မ-က(တပ်တွင်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အ-မ-က(တပ်တွင်း)ကျောင်း၌ ယနေ့ နံနက်၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတများရရှိစေရန် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပခဲ့သည်။

ကျောက်ဆည် မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ(၃)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး