ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးပြီး၍ မဲရုံပိတ်သိမ်းပြီး ပြန်လည်ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာများအား တာဝန်ရှိသူများကြိုဆို
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၆)နာရီမှ စတင်၍ ညနေ(၄)နာရီအထိ၊ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ မဲရုံအသီးသီးတွင် လွတ်လပ် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြပြီးဖြစ်၍ စစ်ကြောင်းအလိုက် ပြန်လည်ဝင်ရောက်လာသည့် မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား၊ စုရပ်ဖြစ်သည့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောက်ပန်တောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။