မန္တလေးတိုင်းဒေသကြီး

တောင်သာမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က မြင်းခြံတက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဉပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက တပ်မတော်ချည်မျှည်နှင့် အထည်စက်ရုံ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းခတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ တတိယအကြိမ်မဲစာရင်းအား ပြည့်စုံမှန်ကန်စွာကြေညာနိုင်ရေးအတွက် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် တတိယအကြိမ် မဲစာရင်းအားပြည့်စုံမှန်ကန်စွာ ကြေညာနိုင်ရေးအတွက်စီမံဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့၌ တတိယအကြိမ် မဲဆန္ဒရှင်လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ငါန်းဇွန်မြို့ပေါ် ရပ်ကွက် (၄) ခုရှိ မဲရုံ (၅) ရုံအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးရာ ဒေသခံပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်‌နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်‌ရေး‌နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီက ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ညောင်ကန်ကျေးရွာ၌ မဲရုံများနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကြာဘက်ကုန်းကျေးရွာအုပ်စု ညောင်ကန်ကျေးရွာ၌ မဲရုံနှင့်မဲရုံအနီးဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်းများကို ဒီဇင်ဘာ ၂၂ ရက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၌  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ အများပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအနေဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများနှင့် မှတ်ပုံတင်မကိုင်ဆောင်ဘူးသူများအား ဒီဇင်ဘာ ၂၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး