ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSS ရုံးခန်း၌ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆောင်ရွက်ခဲ့သည်။