ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ပျိုးရန် စတင်ပျိုးထောင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီ စိုက်ပျိုးရန် ကြက်သွန်မျိုးစေ့များ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း သိရပြီး ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။