ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်‌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် နွေစပါးရေရရှိရေးဆောင်ရွက်ပြီး၍ တောင်သူများစတင်အသုံးပြုနေပြီဖြစ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁-ခုနှစ်ဒီဇင်ဘာလကစတင် ဆောင်ရွက်သော ကျွဲပေါင်ပင်ကျေးရွာ ဆိုလာစွမ်းအင်စနစ်သုံး လယ်ယာမြေစိုက်ပျိုးရေရရှိ‌ရေး လုပ်ငန်းမှာ ယခုအခါရာနှုန်းပြည့်ပြီးစီး၍ တောင်သူများ၏ နွေစပါးစိုက်ပျိုးသီးနှံအတွက် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဦးဆောင်၍ စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ အရာရှိဇနီးသည်များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂၈) ခြေလျင်တပ်ရင်း ဒေါနခန်းမ၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် များ ဖြန့်ဝေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကပ္ပလီပင်လယ် ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည​နေပိုင်းက သံဖြူဇရပ်မြို့နယ် အမှတ်(၂) ကြာကန်စျေးသို့ သွားရောက်နှိုး ဆော်ခဲ့သည်။

သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့မှ မုန်တိုင်းအသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် စဉ်ဆက်မပျက်နှိုးဆော်

သာပေါင်းမြို့နယ်  ကြက်ခြေနီအသင်းခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က မုန်တိုင်းအသိပေးခြင်းများကို ယမန်နေ့ ည ၆ နာရီအချိန်ခန့်မှ စတင်၍ မုန်တိုင်းသတိပေးချက် များနှင့် ပတ်သက်ပြီး လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ထားချက်များအား အသံချဲ့စက်ဖြင့် လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အာစနီဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီ(၄၅)မိုင်နှုန်းဖြင့် အားကောင်းသော မုန်တိုင်းအခြေ အနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် သစ်ပင်ကြီး များအောက် နေထိုင်သူများသည် သတိပြုနေထိုင်ကြရန်နှင့် ခိုင်ခံ့မှုမရှိသောအမိုးများအား ကြိုတင် ပြင်ဆင်ကြပါရန်နှင့် မြစ်ပြင်တွင် သွားလာနေကြသည့် လှေ၊ သမ္မာန်များနှင့် စက်လှေများ လေမိုး လွတ်ရာသို့ ကြိုတင်ခိုလှုံနေကြပါရန် သတိပေးတိုက်တွန်းနှိုးဆော် အပ်ပါသည်။

သထုံငါးလုပ်ငန်းစခန်း၌ GAqP Model Farm တည်ဆောက်ပြီးစီးမှု မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်‌ဆေး

မွန်ပြည်နယ်၊ သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ GAqP Model Farmတည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများတို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများ အရောက်လိုက်လံနှိုးဆော်

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းငယ် အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ သင်္ဘောဆိပ်များ၊ မြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာများ အရောက်လိုက်လံနှိုးဆော်

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(၇၇)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၅၅လမ်း×မြို့ပတ်လမ်းကြား နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၈ နာရီက ကျင်းပရာမန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ(ဥက္ကဋ္ဌ) မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။

ကျိုက်ဒုံမြို့တွင် တပေါင်းလပြည့်နေ့၌ မြစိမ်းတောင်ဘုရား ရွှေထီးတော်တင်လှူ ပူဇော်ပွဲကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ လယ်တောကြီးကျေးရွာအုပ်စု မြို့ရိုးတောင်ပေါ်၌ တည်ထား ကိုးကွယ်သော မြစိမ်းတောင်ဘုရား ရွှေထီးတော်တင်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့၊ ညနေ ၄ နာရီက ကျင်းပသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ