ဒိုက်ဦးမြို့နယ် ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သော ဒိုက်ဦးမြို့မစျေးကြီးရှေ့၌ စျေးရောင်းချ သူများ၊ စျေးဝယ်စျေးပြန်သူများအား နှာခေါင်းစည်း Mask အခု(၅၀၀)အား ပြည်သူများကို အခမဲ့ဝေငှပေးခဲ့သည်။