သာစည်မြို့နယ်တွင် နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက် လုပ်နေမှုများ ကွင်းဆင်း စစ်ဆေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှု ကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လှိုင်းတက်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော နယ်မြေမီးသတ်စခန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်နေမှုတို့ကိုစက်တင်ဘာ ၁၇ ရက်နံနက် ၁၀ နာရီကတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တပ်မတော် ဖိနပ်စက်ရုံနှင့်မိုးရေကာဖျင်စက်ရုံတို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။