ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက် စိုက်ပျိုးထားမှု ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီက ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ မိုးစပါး ပေါ်ဆန်းရင် မျိုးသန့်၊မျိုးပွား၊ မျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်ခြင်း ( RS to CS) မျိုးစေ့ထုတ်ဧက ၅၀ စိုက်ပျိုးထားရှိမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်နိုင်က ချောင်းဆုံ မြို့နယ်တွင်မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအားရှင်းလင်း တင်ပြမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်း၌ အခြေခံလိုအပ်ချက်ဖြစ်သည့် အထွက်နှုန်းကောင်းမွန်စေရန်အတွက်မျိုးကောင်း မျိုးသန့်ရရှိစေရေး၊ သဘာဝမြေဩဇာနဲ့ ဓါတ်မြေဩဇာများ ရရှိစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများရရှိစေရေး ဆောင်ရွက် ပေးကြရန် လမ်းညွှန်မှာကြားသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မိုးတွင်းကာလ ပြည်သူများ လျှပ်စစ် အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာအနီး ၃၃ ကေဗွီဓာတ်အားလိုင်း တစ်လျှောက်ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံက သိရသည်။

မြင်းမူမြို့နယ်တွင် ဝါမျိုးစုံ(၉၂၈၁)ဧကစိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်စိုက်ပျိုးရာသီ အတွင်း ဝါမျိုးစုံ(၁၉၅၂၀) ဧကစိုက်ပျိုးရန်လျှာထားဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှသိရှိရသည်။

အမာမြို့၌ ရောဂါပိုးရှိသူ လူနာ(၅)ဦး ဆေးရုံမှထပ်မံဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၂) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ(၅)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလ၌ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း စနစ်တကျ ဝယ်ယူရောင်းချမှုရှိစေရေး တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့်ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးတို့အတွက် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ယနေ့ နံနက် ၇ နာရီတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏(ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင် ရောင်းချပွဲကျင်းပ

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခုနှစ် MiniBudget အတွက် ပေါင်းတည်မြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ (ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာ(၅)နေရာ၌ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် (​၃) ဦး  ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ (၄၃၆) ဦးရှိပြီးဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ​၃ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ