ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူများ ကျား (၂) ဦးနှင့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား (၂) ဦး စုစုပေါင်း (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
ချင်းပြည်နယ် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဝင်ရောက်နေသူ အသက် (၂၅) နှစ်နှင့် အသက် (၁၉) နှစ် ကျား (၂) ဦးနှင့် ဟားခါးမြို့ ဂန့်ဂေါလမ်း မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ကျား (၂) ဦး စုစုပေါင်း (၄) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။