ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာ
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲ ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာကို အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီမှစတင် စစ်ဆေးခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့အထိ Swab နမူနာ စစ်ဆေးခံသူ စုစုပေါင်း (၂၀၈)ဦး အထိရှိလာကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။