မတူပီမြို့ မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စစ်ဆေးရေးလုပ်ငန်းများ နေ့စဉ်ကြီးကြပ်ဆောင်ရွက်
ချင်းပြည်နယ် မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးရေးလုပ်ငန်းများတွင် နံနက် ၇ နာရီ မှညနေ ၇ နာရီထိ နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။