မတူပီမြို့၌ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှု ၁၄ရက် ပြည့်သူ(၅)ဦး Swabနမူနာ ရယူပြီး ရောဂါပိုးမရှိသဖြင့် အိမ်ပြန်ခွင့်ပြု
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသော ဒေသများနှင့် ဒေသခြားမှ ပြန်လာသူများကို Facility Quarantine Center များ၌ ၁၄ ရက် ကန့်သတ် နေထိုင်စေပြီး Swab နမူနာများ ရယူ၍ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ရောဂါပိုးကင်းစင်သော နေရပ်ပြန် ပြည်သူများကို ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်များ ထုတ်ပေး၍ ယနေ့ နံနက်ပိုင်း က အိမ်ပြန် ခွင့်ပြုပေးခဲ့သည်။