မချမ်းဘော့မြို့၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် ၇ နာရီက မချမ်းဘော့မြို့ စည်ပင်သာယာဈေးတွင် မြန်မာ၊ ကချင်၊ ရ၀မ်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။