ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ရိခေါ်ဒါရ်မြို့၌ ကွင်းဆင်း ဆောင်ရွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက် နှင့်အညီ ရိခေါ်ဒါရ်မြို့တွင်းရှိ လမ်းဦးစီးဌာနပိုင် လမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာတွင်း လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်မိုင်မာလာ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။