တီးတိန်မြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
ချင်းပြည်နယ်၊ တီးတိန်မြို့၌ တည်ဆောက်လျက်ရှိသည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ တီးတိန်မြို့နယ်ဘဏ်(ခွဲ)ရုံး အဆောက်အဦသစ် တည်ဆောက်ခြင်း လုပ်ငန်း ယနေ့တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။