မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
မင်းတပ်မြို့ရှိ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။