တီးတိန်၌ ကိုဗစ်- ၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် ဘေးကင်းလုံခြုံရေးရေး ရှောင်တခင်စစ်ဆေး
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးနှင့် လုံခြုံဘေးကင်းရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လဝကနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာစျေး၊ လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များကို ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။