ဖားကန့်၌ စည်ပင်ကော်မတီရွေးချယ်ရာ ငါးကြိမ်ဆက်တိုက် မဲရလဒ်တူညီနေမှုမျိုး ကြုံတွေ့၊ ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကိုခံယူမည်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယမန်နေ့ နံနက်(၁၀)နာရီမှ စတင်ကာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင်(၄)ဦးကို မဲပေးရွေးချယ်ရာ ရပ်မိ/ရပ်ဖ များမှ ရွေးချယ်သော ရပ်ကွက်/ကျေးရွာအုပ်စု ကိုယ်စားလှယ်(၈)ဦးထဲမှ နှစ်ဦးကို ပတ်လည်မဲပေးစနစ်ဖြင့် ရွေးချယ်သည့်အချိန်တွင် ဒုတိယနေရာမှ နှစ်ဦးမှာ ငါးကြိမ်ဆက်တိုက် မဲရလဒ်တူညီနေမှုမျိုး ကြုံတွေ့ခဲ့ရသည်။