ရခိုင်ပြည်နယ် မောင်တောမြို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် သစ်တုံးနားခွဆုံကျေးရွာမှ (မြို)တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝေးလံခေါင်ဖျားသော သစ်တုံးနားကျေးရွာ အုပ်စုရှိ ကျေးရွာများမှ (မြို)တိုင်းရင်းသားများအား ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ရုံးတွင်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။