ခေါင်လန်ဖူးမြို့နယ်တွင် အသက်(၁၀)နှစ်အောက် ကလေးများအား သံချဆေးတိုက်ခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးများအား (Vitamin -A)ဆေးများ တိုက်ကျွေး
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်က ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြို့ပေါ် လေးရပ်ကွက်နှင့် ကျေးရွာ(၈)ရွာများသို့ ကွင်းဆင်း၍ အသက်(၂)နှစ်မှ (၁၀)နှစ်အောက် ကလေးငယ်များအား သံချဆေး တိုက်ခြင်းနှင့် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များအား (Vitamin-A)ဆေးများ တိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။