မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယာန်းအသင်းတော်မှ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ အလှူငွေ ခြောက်သိန်း ပေးအပ်လှူဒါန်း
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံပရက်စ် ဘီတေးရီးယာန်းအသင်းတော် ဌာနချုပ်မှ အလှူငွေကျပ် ခြောက်သိန်းကို ဒီဇင်ဘာ ၂၂ ရက်က ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။