ထန်တလန်−ဟားခါးလမ်း၌ ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ထောက်ပံ့ ငွေများပေးအပ်
ထန်တလန်−ဟားခါးလမ်း မိုင်တိုင်အမှတ်(၁၇)တွင် ယနေ့တွင် မှန်လုံကား ဖြူစိမ်းကြား (ချင်းတောင်တန်းကား) တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ(၉)ဦး၏ မိသားစုဝင်များအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။