ချီဖွေမြို့နယ်၌ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ပင်စင် လစာငွေများ ထုတ်ပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြန်မာစီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာ ငွေများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ Social Distancing နှင့်အညီ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။