ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်များကို ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် နှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ စားသောက်ဆိုင်နှင့်လက် ဖက်ရည်ဆိုင်များကို ကိုဗစ်−၁၉ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် ၁၁ နာရီခန့်က မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။