ရေဇွာမြို့ လွေးတွီပေါဆုတောင်းတောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အပန်းဖြေအနားယူ နိုင်ရန်အတွက် တက်လမ်း တစ်လျှောက် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းဆောင်ရွက်
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို၏ အနောက်ဘက် (၁)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသော လွီးတွီပေါဆုတောင်း တောင်တွင် အပန်းဖြေလာရောက်သူများ စိတ်ချမ်းသာစွာ အနားယူနိုင်ရန်အတွက်၊ လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် အညီဖြစ်စေရန်အတွက် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် လူငယ်များပူးပေါင်းပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။