သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ကျောင်းတက်နေပြီးဖြစ်ကြောင်း သိရသည်။