ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသစားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံးရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ‌ငွေဖြင့်  ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမတည်ငွေများ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အပါအဝင် ဘက်စုံသုံးခန်းမ ပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အပါအဝင် ကျေးရွာဘက်စုံသုံးခန်းမ ပန္နက်တင်မင်္ဂလာ အခမ်းအနားနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၁၈) ရက် နံနက် ၁၀ နာရီမှစတင်၍ အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းဝါဆိုသင်္ကန်းများနှင့်အတူ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေ ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တွေ့ဆုံပြီး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အမှာစကား ပြောကြားသည်။

မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/လူမှောင်ခိုနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ကျောင်းအခြေပြုလူကုန်ကူးမှု/လူမှောင်ခိုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက်၉နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့သည်။

မချမ်းဘောမြို့တွင် (၇၇)မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့ကျရောက်သည့်(၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးတိုးချဲ့ လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအို မြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့တွင်  GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လူမှုဝန်ထမ်းရုံးခန်းမတွင် GENDER, CEDAW, NSPAW UNSCR -1325 အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်မီးသတ်ဦးစီးဌာနမှ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်