ဗန်းမော်မြို့ “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူလူငယ်များ စာကြည့်တိုက်များကို အသုံးပြုတတ်စေရန်ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဇူလိုင်လ ၈ ရက် နံနက် (၉) နာရီခန့်က “အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။