ကချင်ပြည်နယ်

ရှင်ဗွေယန်မြို့၌ (၃၇) ကြိမ်‌မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့၌ (၃၇) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ယနေ့ နံနက် ၉ နာရီအချိန်က မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ရပ်မိ/ ရပ်ဖ များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်‌ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေအသိပညာပေး‌ဟောပြောပွဲများသို့ တက်ရောက်

ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်အားပေး

ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေကို ဖတ်ရှုလေ့လာပြီး စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်နှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများအား အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းနားကို မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း GYM ခန်းမ၊ ဘိလိယက်နှင့်စနူကာခန်းမများ ပါဝင်သည့် ဘက်စုံသုံးအားကစားခန်းမဆောင် အဆောက်အအုံသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်

၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်း ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၁၆၀၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် GYM အားကစားခန်းမ၊ ဘိလိယက်နှင့် စနူကာခန်းမများ ပါဝင်သည့်  ငြိမ်းချမ်းသာယာ ဘက်စုံသုံးအားကစားခန်းမ အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားတံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသားတံခွန်စိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက တက္ကသိုလ်မိုးလုံလေလုံ ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဗန်းမော်မြို့ International Private ကိုယ်ပိုင်ကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် International Private ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက International Private ကိုယ်ပိုင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ တက်ရောက်အားပေး

နှစ်စဉ် ဇွန်လ ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်၊ ကျောင်းသား/ ‌ကျောင်းသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပျိုးပင်ပေါင်း (၁၂၀၀)ကျော် စိုက်ပျိုး

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ပြီး သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရေး ရည်ရွယ်၍ ကချင်ပြည်နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်