ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်း သား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။