မိုးညှင်းမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များအား စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနားကျင်းပ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့များအား စွမ်းရည်မြှင့်တင်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။