ကချင်ပြည်နယ်

ပူတာအိုမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၃) နာရီက ပူတာအိုလေဆိပ်၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ရှင်းလင်းဆွေးနွေးပွဲနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာသူ ပြည်သူများအား  မိုင်းနား KBC စခန်း၌  သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို မတ် ၁၆ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဗန်းမော်ခရိုင်တွင် ပြည်သူ့စစ်မှု့ထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းစာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်းအတွက် စာမူရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်လ (၁၅) ရက် မွန်းလွဲ (၃) နာရီက တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံတည်ထောင်နိုင်ရေး၊ လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း ပိုးမွေးမြူရေးနှင့် ပိုးချည်စက်ရုံ တည်ထောင်အကောင်အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ဆက်လက်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပဉ္စမနေ့ ရူပဗေဒနှင့် သမိုင်းဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် River View အပန်းဖြေနေရာအဖြစ် အကောင်အထည်ဖော်ရေးနှင့် ဗလမင်းထင် ဧက ၂၀၀ စံပြ စိုက်ကွင်းအတွင်း သီးထပ်သီးနှံများ Mobile Solor စနစ်ဖြင့် ‌ရေသွင်းစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ မတ် ၁၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပပြီး River View အပန်းဖြေနေရာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဧရာဝတီမြစ်အတွင်း စီးဝင်သည့် အင်ဂျန်းခချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအိုမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်အခမဲ့ဖြန့်ဝေ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ် မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မတ် (၁၅) ရက် နံနက် (၁၁) နာရီခွဲက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေသည်။

မြစ်ကြီးနားမြို့(Community Centre) ၌ ပန်းအလှဆင်သင်တန်း (အခမဲ့) ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယမန်နေ့နံနက် (၈) နာရီခွဲက ပန်းအလှဆင်သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့သည်။

မိုးကောင်းမြို့၌ စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ်လ(၁၃)ရက် နံနက်(၁၀)နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်