ကချင်ပြည်နယ်

မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့် သွားရောက်တွေ့ဆုံ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နန့်လှိုင်ကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများအား ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် တတိယနေ့ သင်္ချာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

မြစ်ကြီးနားမြို့၌ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာရဲတပ်ဖွဲ့စုများက ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ ခန်းမတွင် ကျင်းခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ််ကြီးနားမြို့ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများထံ ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန် များနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဘာသာရေးအသင်းအဖွဲ့များထံ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၌ ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် မိုးသီးနှံ(မိုးစပါး)ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာ‌တောင်သူများသို့ ပြည်နယ်အရေးပေါ်ရန်ပုံငွေများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် မိုးသီးနှံ (မိုးစပါး) ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာတောင်သူများသို့ ပြည်နယ် အရေးပေါ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမေန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြစ်ကြီးနားခရိုင်အတွင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၁၇) ဦး ဝင်ရောက် ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်အား စတင်‌ဖြေဆိုရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း၌ စာစစ်ဌာန (၇) ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၁၇) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများနှင့် ငါးမွေးကန်များ ဖွံ့ဖြိုးတိုးတက်စေရေး လိုက်လံကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများနှင့် ငါးမွေးကန်များ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မတ် ၁၁ ရက် မွန်းလွဲ ၂ နာရီက အဆိုပါရပ်ကွက်အတွင် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မချမ်းဘောမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး  ဒုတိယစက်ဝန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင်  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့်  ရပ်ကွက်ကျေးရွာကော်မတီများထံသို့ ဒုတိယစက်ဝန်း ရန်ပုံငွေမတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။

နောင်မွန်းမြို့နယ်၌ နွေရာသီအခြေခံဘောလုံးသင်တန်းဖွင့်လှစ်

ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နည်းစနစ်ကျကျ ကစားနိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့်ကာပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအ‌ခြေခံဘောလုံးသင်တန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ် သင်ကြား‌ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ  တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၂)ခုတွင် ကျောင်းသား/ကျောင်းသူ (၃၄၄) ဦးအင်္ဂလိပ်စာဘာသာ အေးချမ်းစွာစတင်ဖြေဆို

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၂) ခုတွင် ယနေ့နံနက်က ကျောင်းသား /ကျောင်းသူ (၃၄၄) ဦး အင်္ဂလိပ်စာဘာသာ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
Subscribe to ကချင်ပြည်နယ်