ဖားကန့်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆေးဝါးထောက်ပံ့မှုနှင့် အာဟာရ ကျွေးမွေးခြင်းများ ဆောင်ရွက်
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဦးဆောင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။