ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျားပိုင်း နောင်မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသ ဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပူတာအိုခရိုင်သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နောင်မွန် မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။