ကချင်ပြည်နယ်

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း (၄၆)မျိုး၊ ကောင်ရေ (၂၄၁၇၇) ကောင် စာရင်းကောက်ယူနိုင်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံတွင်အကြီးဆုံး ကုန်းတွင်းရေချို အိုင်ကြီးဖြစ်သည့် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှ ရေပျော်ငှက်စာရင်းကောက်ယူရာ၌ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော် ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၄၁၇၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီးဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မိုးညှင်းမြို့၌ ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပသည့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ပူတာအိုမြို့၌ နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စာရင်းစစ်ရုံးတို့ ပူးပေါင်းမှုဖြင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်ချိန်များတွင် စာပေဗဟုသုတများ လေ့လာဖတ်ရှုနိုင်ရန်အတွက် နယ်လှည့်စာကြည့်တိုက်နှင့်စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ ခရိုင်စာရင်းစစ်ရုံး၌ ကွင်းဆင်းဆောင်ရွက်သည်။

ကချင်ပြည်နယ် ရွှေကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသိပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုလုပ်ငန်းအား သွားရောက်ကြည့်ရှု

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနက နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံ‌တော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ကြီးများ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာဆောင်၌ ဆောင်ရွက်ခဲ့ကြသည်။

‌ရွှေကူမြို့နယ်၌ မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အနေဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲပေးမည့်နေ့ရက်တွင် တာဝန်ကျဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ဇန်ဝါရီ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့ ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကျင်းပသွားမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင် ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄) ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို တပို့တွဲလဆန်း (၁၂) ရက်မှ တပို့တွဲလပြည့်အထိ လေးရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးစေနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များကို အသိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပေး

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့နယ် နမ္မတီးမြို့ အ.မ.က-ရွှေလီကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ အ.မ.က-‌ရွှေလီကျောင်း၏ ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ(၁၉)ရက် နံနက်(၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်