ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံအပါအဝင် အခြားသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။