ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အားပေး
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲအဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များ၊ သတိပြုလိုက်နာ ၍ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။