ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စခန်းဝင် ကျောင်းသား/ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရေး ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ဇွန် ၇ ရက် နံနက် ၉ နာရီက ဖုန်ကုန်ရာဇီခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား အာဟာရထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြု လုပ်ရာ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)မှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။