ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ အမြင့်ပေ ၁၄၀၀ ကျော်ရှိသည့် မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေး ကြည်ညိုခဲ့ကြသည်။