ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာမဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။