Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုဆေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများသို့ သွားရောက်လေ့လာ

 
 
နေပြည်တော် ဇွန် - ၂၅
 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endome-dium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများ အား သွားရောက် လေ့လာကြည့်ရှုကြသည်။
 
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် “Eidos Medicine” သို့ ရောက်ရှိကြရာ ကုမ္ပဏီ CEO Mr.Lenar Valeev နှင့် “Endomedium” ကုမ္ပဏီ CEO Mr.Oleg Gusev နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် “Eidos Medicine” ဖြစ်ပေါ် လာသည့်သမိုင်းအကျဉ်း မှတ်တမ်းဓာတ်ပုံများ၊ COVID-19 ရောဂါ ရှာဖွေရေး Test-kit စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ထားရှိမှု အခြေအနေများ၊ Human Patient Simulation စနစ်ဖြင့်ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေများ၊ “Endomedium” ကုမ္ပဏီမှ ထုတ်လုပ်သည့် မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေးသည့် အဆင့်မြင့်စက် များနှင့် ဆက်စပ်ပစ္စည်းများဖြင့် ရောဂါရှာဖွေစမ်းသပ်နေမှု အခြေအနေများအား လိုက် လံ ရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
 
ယင်းနောက် အစည်းအဝေးခန်းမတွင် ကုမ္ပဏီများမှ ထုတ်လုပ်သည့် ဆေးကုသ ရေးဆိုင်ရာပစ္စည်းများ ထုတ်လုပ်ထားရှိမှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများအား ရှင်းလင်းပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များအား ပြန် လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
 
အဆိုပါ “Eidos Medicine” စက်ရုံကို Med Vision Group of Companies မှ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာနယ်ပယ်အတွက် တိကျမှု မြင့်မားသော Simulators Design နှင့် Medical Simulators များအား အထူးပြုထုတ် လုပ်ခြင်းဖြင့် လျင်မြန်စွာတိုးတက်လျက်ရှိသည့် ဂျပန်ဆေးဘက်ဆိုင်ရာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ Human Patient Simulation နှင့် Surgery Simulation အမျိုးအစား နှစ် မျိုးကို အဓိက ထုတ်ကုန်များအဖြစ် ထုတ်လုပ်လျက်ရှိပြီး Human Patient Simula- tion စနစ်တွင် တိကျမှုမြင့်မားခြင်း၊ အသားအရေအစစ်ကဲ့သို့ ဖန်တီးထား ခြင်း၊ Physiological math. Model များဖြင့် တည်ဆောက်ထားခြင်းတို့ကြောင့် လူနာများ အား ထိရောက်မှန်ကန်စွာ ကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် ဝန်ဆောင်မှု စရိတ်များမှာ အခြားသော စက်အမျိုးအစားများထက် များစွာသက်သာ မှုရှိပြီး ဥရောပ နှင့် အမေရိကနိုင်ငံများတွင် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အခြားသော ကဏ္ဍများတွင်လည်း အသုံးပြု လျက်ရှိကြောင်း သိရှိရသည်။
 
“Endomedium” ကုမ္ပဏီ ကို ၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီ အနေဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ရင်ခေါင်း၊ ဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်းများအတွင်း မှန်ပြောင်းအသုံးပြု၍ ရောဂါရှာဖွေပေး သည့် အဆင့်မြင့်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား ၄၀ ကျော်၊ Endosurgical ခွဲစိတ်ကုသမှု ကိရိယာ ၈၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ “Endomedium” ကုမ္ပဏီသည် kazan ဆေးပညာအကယ်ဒမီနှင့် တွဲဖက်၍ လေ့ကျင့် ရေး စင်တာဖွင့်လှစ်ထားရှိပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်း ပြုလုပ်လျက်ရှိ ကြောင်း၊ ထို့ပြင် ဆရာဝန်များအား Endoscopic ခွဲစိတ်မှု၊ မီးယပ်နှင့် သားဖွားရောဂါ၊ သွေးကြောထုံးရောဂါ၊ အူကျွံအူကျရောဂါနှင့် အဆစ်ရောင်နာရောဂါ အစရှိသည့် ရောဂါ တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်